မိသားစုပြန်လည်ဆက်သွယ်ပေးရေး

နှစ်စဉ်ကမ္ဘာတစ်ဝန်းတွင် ဘေးဒုက္ခ၊ ပဋိပက္ခ၊ လူကုန်ကူးခြင်း၊ ရွှေ့ပြောင်းသွားလာခြင်းများနှင့် အရေး ပေါ်အခြေအနေများကြောင့် မရေတွက်နိုင်သော မိသားစုများသည် ချစ်ခင်နှစ်သက်သူများနှင့် အဆက် အသွယ်ပြတ် ကွဲကွာလျှက်ရှိကြပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင် ကလုံးမုန်တိုင်းကြောင့် အဆက်အသွယ်ပြတ် ပျောက်ဆုံးကွဲကွာသူ (၅,၀၀၀)ကျော်နှင့် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ခုနှစ် ဒီဇင်ဘာလအတွင်း အကူညီတောင်းခံသူ (၅,၁၂၅)ဦးကို အဆက်အသွယ်ပြန်လည်ရရှိစေ ရေးနှင့် ပေါင်းစည်းနိုင်ရေးတို့အတွက် လေ့ကျင့်သင်ကြားပေးထားသော စေတနာလုပ်အားရှင် (၆၅၅)ဦး နှင့် ဝန်ထမ်းများက ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ဆောင်ရွက်ပေးလျှက်ရှိသော ဝန်ဆောင်မှုများမှာ –

  1. ဘေးရန်ကင်းကွာရှိကြောင်း ဖုန်းဆက်အကြောင်းကြားခြင်း (Safe and well phone calls)
  2. ဘေးရန်ကင်းကွာရှိကြောင်း မှတ်ပုံတင်ခြင်း (Safe and well messages)
  3. အကျိုးအကြောင်းကိုစောင့်မျှော်လျှက်ရှိပါသည် (Anxious for News)
  4. လူပျောက်ရှာဖွေပေးခြင်း (Tracing)
  5. ကြက်ခြေနီအကြောင်းကြားစာ (Red Cross Messages)
  6. မြန်မာနိုင်ငံတွင် နေထိုင်သော မိသားစုဝင်များအနေဖြင့် အမေရိကန်တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသော မိသားစုဝင်တစ်ဦးကို သာရေး/နာရေးကိစ္စရပ်များအတွက် နေရပ်ပြန်ခွင့်ရရှိလိုပါက ကူညီဆောင်ရွက်ပေးခြင်း (US Service Personnel)
မိသားစုပြန်လည်ဆက်သွယ်ပေးရေးလက်ကမ်းစာစောင် တွင်လည်းဖတ်ရှုနိုင်ပါသည်။

 

စုံစမ်းမေးမြန်းလိုပါက-

မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း

၄၂ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊
ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖုန်း – +၉၅ ၁ ၃၈၃၆၈၄၊ ၃၉၂၀၂၉၊ ၃၉၂၀၃၀ လိုင်းခွဲ – ၁၃၀

Hot Line +၉၅ ၉၅၇ ၅၅၇ ၀၀၀
ရုံးချိန် – ၉း၃၀ မှ ၁၆း၃၀ အထိ (တနင်္လာနေ့မှ သောကြာနေ့အထိ)
အီးမေးလ်- rfl@redcross.org.mm