ကြက်ခြေနီက ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် ထိခိုက်ခံစားရသူများအား ထောက်ပံ့ငွေပေးအပ်

  10/ Mar/ 2022

ကျောက်ကြီး၊ မတ်လ (၉) ရက်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မတ်လ (၉) ရက်နေ့ နံနက် (၁၀) နာရီက ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် ထိခိုက်ခံစားရသူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးတွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါထောက်ပံမှုကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်သည့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် ထိခိုက်မှုလျော့ပါးရေးအသိပညာပေး အစီအစဥ်မှ ထောက်ပံ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူအတွက် ထောက်ပံ့ငွေကျပ် ၂၀၀,၀၀၀/- အပြင် ဆေးကုသစားရိတ် ငွေကျပ် ၁၅၀,၀၀၀/- နှင့် သေဆုံးသူအတွက် အတူနေ မိသားစုအား ငွေကျပ် ၃၀၀,၀၀၀/- တို့ အား တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။