သင်သိပါသလား - နှစ်စဉ် မေလ (၈) ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီအဖြစ်သတ်မှတ်ထားပါတယ်။

သင်သိပါသလား – နှစ်စဉ် မေလ (၈) ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီအဖြစ်သတ်မှတ်ထားပါတယ်။ ယင်းနေ့တွင် မြန်မာနိုင်ငံနည်းတူ ကမ္ဘာ့တစ်ဝန်းရှိ အခြားအမျိုးသားအသင်းများမှာလည်း အထိမ်းအမှတ် အခမ်းအနားများ ကျင်းပကာ ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများအကြောင်းကို တိုးမြှင့်အသိပညာပေးလျက်ရှိပါတယ်။

        ယခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “#Be human kind #ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်းအပေါ် ကူညီသွား” ဖြစ်ပါတယ်။
ယခုဆိုလျှင် ကမ္ဘာကြီးမှာ COVID-19 ကူးစက်ရောဂါတွေ၊ ရာသီဥတုအပြောင်းအလဲမှုတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေတွေနှင့် ပဋိပက္ခတွေဟာ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ဤရှုပ်ထွေးလှတဲ့အချိန်ကာလတွေမှာ ကြက်ခြေနီအခြေခံမူ (၇) ချက်ထဲက “လူသားချင်းစာနာထောက်ထားမှု” ဆိုတဲ့ အဓိပ္ပါယ်ကို ရပ်ရွာလူထုအတွင်း ပိုမို ကိန်းဝပ်ပြန့်ပွားစေဖို့် လိုအပ်လျက်ရှိနေပါတယ်။
        ဒါကြောင့် ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်ဖြစ်တဲ့ “#ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်းအပေါ် ကူညီသွား” အတိုင်း ကျွန်ုပ်တို့သည် အကြင်နာမေတ္တာတရားပြည့်ဝစွာဖြင့် ရပ်ရွာလူထုအတွက် လိုအပ်တဲ့ လူမှုကရုဏာအကူအညီ များကို ဆက်လက်ပေးသွားကြဖို့ တိုက်တွန်းရင်း ဂုဏ်ပြုလိုက်ပါတယ်။
        ဖော်ညွှန်းရန် ပြုလုပ်ရမည့် လက်ပုံစံ သင်္ကေတရဲ့ အဓိပ္ပါယ်ကတော့ “ကျွန်ုပ်တို့အားလုံးသည် လူသားအချင်းချင်းကြင်နာကြောင်း ပြသရန် အတူတကွ ပေါင်းစည်းထားသည်ဆိုသည့်” အဓိပ္ပါယ်ဖြစ်ပါတယ်။
#WorldRedCrossDay #ကမ္ဘာ့ကြက်ခြေနီနေ့ #MRCS #လူသားချင်းစာနာထောက်ထားမှု
#ကြင်နာစိတ်ထားကြက်ခြေနီများလူတိုင်းအပေါ်ကူညီသွား #Behumankind