ယာဉ်မတော်တဆဖြစ်ပွားမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကြက်ခြေနီက ရှေးဦးပြုစု

  16/ May/ 2022

နေပြည်တော်၊ မေလ(၁၆)ရက်။
၂၀၂၂ခုနှစ်၊ မေလ(၁၄)ရက်နေ့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ စံပယ်အိမ်ရာအနီးတွင် ယာဉ်မတော်တဆဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ပျဉ်းမနားမြို့နယ်ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များသွားရောက်ကာ ရှေးဦးပြုစုပေးခဲ့ကြပါသည်။
ထို့ပြင် ပျဉ်းမနားမြို့နယ် ရွာကောက်ရပ်ကွက်၊ အုန်းတောကွေ့တွင် ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီးတစ်ဦးအား ရှေးဦးပြုစုပေးခဲ့ပြီး သုခစံလူမှုကူညီရေးအသင်းလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။