ကြက်ခြေနီက မြွေကိုက်ဒဏ်ရာပြုစုနည်းနှင့် အခြေခံအသက်ကယ် အထောက်အကူပြုစုနည်းများကို သရုပ်ပြသင်ကြားပေး

  03/ Aug/ 2022

ဘားအံ၊ ဩဂုတ်လ (၃) ရက်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဝင်းကျန်ကျေးရွာအုပ်စု ဖားလင်ကျေးရွာမှ ကျေးရွာသူကျေးရွာသားများအား မိုးရာသီအတွင်းအဖြစ်များသော မြွေကိုက်ဒဏ်ရာပြုစုနည်းနှင့် အခြေခံအသက်ကယ် အထောက်အကူပြုစုနည်းများကို မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက လက်တွေ့သရုပ်ပြ သင်ကြားပြသပေးခဲ့ပါသည်။ ထို့အပြင် ကြက်ခြေနီအကြောင်းသိကောင်းစရာများနှင့် ခန္ဓာဗေဒအကြောင်းသိကောင်းစရာများကိုလည်း ပြောကြားခဲ့ပါသည်။