“ အားလပ်တဲ့အချိန်မှာ ရပ်ရွာလူထုနဲ့ ဒုက္ခရောက်နေတဲ့သူတွေကို စေတနာ့ဝန်ထမ်းအဖြစ်နဲ့ ကူညီချင်လို့ "

“ အားလပ်တဲ့အချိန်မှာ ရပ်ရွာလူထုနဲ့ ဒုက္ခရောက်နေတဲ့သူတွေကို စေတနာ့ဝန်ထမ်းအဖြစ်နဲ့ ကူညီချင်လို့ “
     ကျွန်တော် ဦးမျိုးလင်းထိုက်ပါ။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်စုမှူးပါ။ ကျွန်တော်က “ အားလပ်တဲ့အချိန်မှာ ရပ်ရွာလူထုနဲ့ ဒုက္ခရောက်နေတဲ့သူတွေကို စေတနာ့ဝန်ထမ်းအဖြစ်နဲ့ ကူညီချင်လို့ “ ၂၀၁၉ ခုနှစ်မှာ ကြက်ခြေနီထဲကို ဝင်ဖြစ်ပါတယ်။ ကျွန်တော်ကြက်ခြေနီထဲကို ဝင်ဖြစ်တဲ့အချိန်မှာပဲ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားလာတဲ့အတွက် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့တာ ယခုအချိန်ထိပါပဲ။
     ဒါ့အပြင် နေရပ်စွန့်ခွာအိမ်ထောင်စုများနှင့် မီးဘေးသင့်အိမ်ထောင်စုများကို ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအားပေးစကားပြောခြင်းတို့ကိုလည်း ကူညီဆောင်ရွက်ခဲ့ပါတယ်။ မတော်တဆမီးလောင်မှုတွေဖြစ်ပွားခဲ့မှုကြောင့် မီးငြိမ်းသတ်ရာမှာ ကူညီဆောင်ရွက်ပေးခဲ့ပြီး ကျွန်တော်ဒဏ်ရာရရှိခဲ့ပေမယ့် အခြားသူများရဲ့ ဒဏ်ရာများကို ရှေးဦးပြုစုပေးနိုင်ခဲ့ပြီး လူထုအကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်။
     ကြက်ခြေနီစေတနာလုပ်အားရှင်အဖြစ် ကူညီဆောင်ရွက်ရတာတွေဟာ အတွေ့အကြုံတွေလည်း အများကြီးရပြီး ရပ်ရွာလူထုကိုလည်း အခြေခံမူ (၇) ချက်နဲ့အညီ ကူညီပေးဖို့ အမြဲတမ်းအသင့်ပါပဲလို့ပြောချင်ပါတယ်။