မြဝတီတွင် COVID-19 ကာကွယ်တားဆီးရေးလုပ်ငန်းများ ၌ ကြက်ခြေနီကဆက်လက်ပူးပေါင်းဆောင်ရွက်

  17/ Jul/ 2020

မြဝတီ၊ ဇူလိုင် ၁၇

မြဝတီခရိုင်/မြို့နယ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို မြဝတီမြို့ ရွှေမြင်းဝန်စေတီတော် သာ့သနာ့ဗိမာန်တော်၌ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၇ရက်နေ့က ဆက်လက်ပြုလုပ်လျက်ရှိရာ ဆရာတော်ကြီးများ၊ စာဖြေသံဃာတော်များ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘာသာရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ရာ ကရင်ပြည်နယ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးအောင်နိုင်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၅ဦးက ကိုယ်အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်းများလှူဒါန်းခြင်း၊ စနစ်တကျတပ်ဆင်ပေးခြင်း၊ ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ယင်းနေ့တွင်ပင် ကရင်ပြည်နယ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီတပ်စုမှူးဦးမင်းမင်းစိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၆ ဦးသည် COVID-19 ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများအဖြစ်မြဝတီအမှတ်(၂)ချစ်ကြည်ရေးတံတား Cargo Gateတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာသည့် ကုန်တင်ကားများနှင့် ယာဉ်ပေါ်ပါလာသူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ စာရင်းသွင်းခြင်း၊ သတင်းပေးပို့ခြင်း၊ Health Checked လက်မှတ်ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။