16/ Nov/ 2020

COVID-19‌ ရောဂါကာကွယ်ရေးလုပ်ငန်းများမှာ ပါဝင်‌ဆောင်ရွက်ခဲ့ကြတဲ့ ကြက်‌ခြေနီ‌စေတနာလုပ်အားရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်း
မှ ချီးမြှင့်သော ဂုဏ်ပြုလွှာများ ပေးအပ်ခြင်းကို တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်မှာ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးညီညီသိန်း၊ သရက်ချောင်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြတ်ကိုကို၊ ပုလောမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌနဲ့ ကြက်ခြေနီစေနာလုပ်အားရှင် ၃၈ ဦးတို့ တက်ရောက်ခဲ့ကြတယ်။