24/ Feb/ 2022
ယခုကာလအတွင်း ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်လာသည်နှင့်အမျှ ကူးစက်မှုလျော့ကျစေရေးအတွက် အသိပညာပေးခြင်းတို့ကို ကြက်ခြေနီစေတနာလုပ်အားရှင်များက နေရာအနှံ့အပြားတွင် တိုးမြှင့်ဆောင်ရွက်လာကြပါသည်။
၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၂၃ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ရှိ ဈေးများနှင့် လူအများသွားလာတတ်သောနေရာများတွင် ကြက်ခြေနီများက ပါးစပ်နှင့်နှာခေါင်းစည်းဝတ်ဆင်ရန်နှိုးဆော်ခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်း၊ မကြာခဏလက်ဆေးရန်နှိုးဆော်ခြင်းနှင့် ရောဂါကူးစက်မှုမဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးခြင်းတို့ကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် ခရီးသွားရန်ကိုဗစ်ရောဂါပိုးလာရောက်စစ်ဆေးသူများမှ ရောဂါပိုးတွေ့ရှိလူနာများကို ကိုဗစ်ကုသရေးစင်တာများသို့ ပို့ဆောင်ကူညီပေးခြင်းတို့ကိုလည်းကောင်း ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။
23/ Feb/ 2022
22/ Feb/ 2022
22/ Feb/ 2022
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ WASH ယူနစ်မှ ရှမ်းပြည်နယ်တောင်ပိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ပူးပေါင်းကာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (16)ရက်နေ့မှစတင်ပြီး တောင်ကြီးမြို့နယ်ရှိ နေရပ်စွန့်ခွာစခန်း (41)ခုမှ ပြည်သူပေါင်း (8356)ဦးအတွက် အရေးပေါ်လိုအပ်သည့် သောက်ရေ၊သုံးရေများကို ဝယ်ယူဝေငှပေးလျက်ရှိရာ တစ်ရက်လျှင် လူတစ်ဦးအတွက်(15)လီတာနှုန်းဖြင့် လျာထားဖြန့်ဝေပေးလျက်ရှိနေပါသည်။
21/ Feb/ 2022
21/ Feb/ 2022
မူဆယ်မြို့နယ်တွင် COVID 19ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် ကြက်ခြေနီစေတနာလုပ်အားရှင်များက မူဆယ်မြို့မဈေးနှင့် အနီးတဝိုက်ရှိ လမ်းသွားလမ်းလာများအား နှာခေါင်းစည်းဝတ်ဆင်ရန်နှိုးဆော်ခြင်း၊ နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းနှင့် ကိုဗစ်ရောဂါကာကွယ်ရေးလိုက်နာဆောင်ရွက်ရမည့် အချက်အလက်များပါရှိသော လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။ ထိုသို့ ပြုလုပ်ရာတွင် မူဆယ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မူဆယ်မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ စေတနာလုပ်အားရှင်များပူးပေါင်းကာ ဖေဖော်ဝါရီလ ၁၈ရက်နေ့မှ ၂၀ရက်နေ့အထိ ၃ရက်တာ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်။