11/ Dec/ 2020
ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ရပ်ကွက် (၇)ခုမှ ဈေးများ၊ လမ်းဆုံများ၊ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်စေခြင်းကမ်ပိန်းများပြုလုပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ကော့ကရိတ်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။
11/ Dec/ 2020
ဒီဇင်ဘာလ ၁၁ ရက်နေ့က ပေါင်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ မြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများအား ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
10/ Dec/ 2020
ဒီဇင်ဘာလ ၁၀ရက်နေ့က ပဲခူးတိုင်းဒေသကြီး ဇီးကုန်းအခြေခံပညာအထက်တန်းကျောင်းမှာဖွင့်ထားတဲ့ Quarantine Center မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခြင်းခံယူကာ ရောဂါပိုးစစ်ဆေးခဲ့ပြီး ရောဂါပိုးမတွေ့ရှိခဲ့သူများအား နေအိမ်သို့ပြန်လည်ပို့ဆောင်ရာတွင် ဇီးကုန်းမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။
10/ Dec/ 2020
ဒီဇင်ဘာလ ၁၀ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရသူ တစ်ဦးကို မော်လမြိုင်ကျွန်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ လူနာတင်ယာဥ်နဲ့ မအူပင်မြို့မှ သွားရောက် ခေါ်ဆောင်ပြီး မော်လမြိုင်ကျွန်းမြို့နေအိမ်အရောက် ကူညီပို့ဆောင် ပေးခဲ့ကြပါတယ်။
09/ Dec/ 2020
ဒီဇင်ဘာလ ၉ ရက်နေ့က ကျေးသီးမြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုင်းနောင့်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျေးသီးမြို့နယ်စည်ပင်သာယာဈေးနှင့် မြို့ဝင်ဂိတ်များတွင် နှာခေါင်းစည်းများနှင့် ရေမလိုလက်သန့်ဆေးရည်များကိုအခမဲ့ပေးဝေခဲ့ကြသည်။
09/ Dec/ 2020
ဒီဇင်ဘာလ ၉ ရက်နေ့က ရပ်စောက်မြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့်သိန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ရပ်စောက်မြို့၊ မြို့ဦးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် ရေမလိုလက်သန့်ဆေးများပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
09/ Dec/ 2020
မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသေရးဦးစီးဌာန၏ ညွှန်ကြားချက်အရ မန္တလေးခရိုင်အတွင်း ပိုးတွေ့လူနာများသော မြို့နယ်များသို့ COVID-19ရောဂါကာကွယ်ရေး ညွှန်ကြားချက်များကိုမြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အသံချဲ့စက်ဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်လျက်ရှိပါတယ်။
08/ Dec/ 2020
ခရမ်းမြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်မှာရှိတဲ့ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ပူပေါင်းကူညီပေးနေကြပြီး မြို့အဝင်အထွက်ဂိတ်တွေနဲ့ မြို့တွင်းလူအများသွားလာနိုင်တဲ့နေရာတွေမှာ ရောဂါကာကွယ်ရေးအသိပညာပေးတာတွေ၊ နှာခေါင်းစည်းအခမဲ့ပေးဝေတာတွေကို ဆောင်ရွက်နေကြပါတယ်။ ထို့အပြင် ဒီဇင်ဘာလ ၈ရက်နေ့က ကွမ်းလျှားရှည်ကျေးရွာက ပိုးတွေ့လူနာနေအိမ်အနီးဝန်းကျင်ကို ပိုးသတ်ဆေးဖျန်းရာမှာလည်း ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။
08/ Dec/ 2020
ဒီဇင်ဘာလ ၈ရက်နေ့က မိုင်းယောင်းမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ Facility Quarantine Center ကို ရောက်ရှိလာသူများရဲ့ နှာခေါင်းနဲ့အာခေါင်တို့ဖတ်ယူပြီး သက်ဆိုင်ရာဌာများသို့ စစ်ဆေးရန်ပို့ဆောင်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။