25/ Jul/ 2022

အရေးပေါ်လူနာများနှင် ဆေးရုံဆင်းလူနာများအား ကြက်ခြေနီက ကူညီဆောင်ရွက်ပေး

၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်၊ ယနေ့တွင်မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ မြောက်ချောင်းဖြူ‌ေကျးရွာ ကျန်းမာရေးဆေးခန်းမှ လွှဲပြောင်း မီးဖွားလူနာအား ဆင်ဖြူကျွန်းမြို့ကြက်ခြေနီအသင်းခွဲ(ငယ်)မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အသင်းခွဲ(ငယ်)ပိုင် ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်ဖြင့် ဆင်ဖြူကျွန်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ထို့ပြင် ဇူလိုင်လ (၂၃)ရက်နေ့ကလည်း ဆင်ဖြူကျွန်းမြို့၊ သမြင်ကင်းရွာမှ သွေးတိုးဝေဒနာ‌ေကြာင့် ‌မူးဝေနေသောလူနာအား ဆင်ဖြူကျွန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခြင်း၊ ဆင်ဖြူကျွန်းမြို့ ပြန်လွင့်ရပ်မှ လေဖြတ်ဝေဒနာခံစားနေရသော လူနာအား ဆင်ဖြူကျွန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခြင်းများကို ဆင်ဖြူကျွန်းမြို့ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
ဇူလှိုင်လ (၂၂)ရက် တွင် မကွေးမြို့ တော်ဝင်ကံ့ကော် ဆေးရုံ မှ ဆေးရုံဆင်းလူနာအား ဆင်ဖြူကျွန်းမြို့ရှိ နေအိမ်သို့ပို့ဆောင်ပေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  25/ Jul/ 2022

အရေးပေါ်သွေးလိုအပ်နေသူ သွေးသန့်ရရှိရေးအတွက် ကြက်ခြေနီက သွေးလှူရှင်ရှာဖွေပေး

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀) တွင် ဆေးကုသမှုခံယူနေသော ခွဲစိတ်လူနာတစ်ဦးသည် သွေးလိုအပ်လျှက်ရှိရာ နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၂) ဦးက သွေးလှူရှင်များအား ရှာဖွေပေးခဲ့ပြီး ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့သည်။

Read More

  21/ Jul/ 2022

Myanmar Humanitarian Crisis Myanmar for MRCS

https://www.youtube.com/watch?v=C6lm4-G1J7Y  

Read More

  14/ Jul/ 2022

Night Security Guard

Read More