22/ Jan/ 2022

တနင်္သာရီတိုင်းဒေသကြီးတွင် ကြက်ခြေနီက အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်သောလူနာများအား လူနာတင်ယာဉ်ဖြင့် ဆေးရုံ၊ဆေးခန်းများသို့ ပို့ဆောင်ကူညီ

တနင်္သာရီတိုင်းဒေသကြီးတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက လူမှုကရုဏာအကူအညီများအား ဆောင်ရွက်ပေးလျက်ရှိကြရာ ၂၄နာရီ လူနာတင်ယာဉ်ဖြင့် လူနာများအား ဆေးရုံဆေးခန်းများသို့ အချိန်မီဆေးကုသမှုခံယူနိုင်ရန် ပို့ဆောင်ကူညီပေးခြင်းကိုလည်း နေ့စဉ် ကူညီဆောင်ရွက်ပေးလျက်ရှိကြပါသည်။
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိ ကျေးရွာမှ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၂)ဦးအား ရှေးဦးပြုစုပေးပြီး ရငဲတိုက်နယ်ဆေးရုံ၊ ထို့မှတဆင့် သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာမှ ကိုယ်ဝန်ဆောင်မိခင် အမျိုးသမီး(၁)ဦးအား နေအိမ်မှ မယ်ဒီလန်းဆေးရုံသို့လည်းကောင်း၊ ဇန်နဝါရီလ (၁၉)ရက်နေ့က သရက်ချောင်းမြို့နယ်၊ မယ်ဒီလန်းဆေးရုံမှ ဆေးကုသခြင်းခံယူပြီးသည့်လူနာအား ကျွဲမင်းကုန်းကျေးရွာ နေအိမ် သို့လည်းကောင်း၊ ဇန်နဝါရီလ (၁၈)ရက်နေ့က ထားဝယ်မြို့ ဆန်းချီရပ်ကွက်နေ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား နေအိမ်မှ ထားဝယ်မြို့ဆေးရုံသို့လည်းကောင်း၊ ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူပြီးသော အမျိုးသားတစ်ဦးအား နေအိမ်သို့လည်းကောင်း၊ ကြက်စားပြင်ရပ်ကွက်တွင် မတော်တဆမှုကြောင့် ဒဏ်ရာရရှိခဲ့သော အမျိုးသားတစ်ဦးအား ထားဝယ်ဆေးရုံကြီး သို့လည်းကောင်း၊ အနောက်မြို့တွင်းရပ်ကွက်မှ ချောင်းဆိုးရင်ကြပ် ဝေဒနာခံစားနေရသော အမျိုးသားတစ်ဦးအား နေအိမ်မှ မယ်ဒီလန်းဆေးရုံသို့ လည်းကောင်း၊ ဇန်နဝါရီလ (၁၁)ရက်နေ့က ကျွဲမင်းကုန်းကျေးရွာမှ ဗိုက်အောင့်ဝေဒနာ ခံစားနေရသော ဝေဒနာရှင်တစ်ဦးအား ရငဲတိုက်နယ်ဆေးရုံသို့လည်းကောင်း၊ ရငဲတိုက်နယ်ဆေးရုံမှ ဆေးကုသမှုခံယူနေသော လူနာတစ်ဦးအား လွှဲပြောင်းလူနာအဖြစ် ထားဝယ်မြို့ မြင့်မိုရ်ဦး ဆေးရုံသို့လည်းကောင်း အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြပါတယ်။
ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထိုကဲ့သို့ လူမှုကရုဏာလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲများအလိုက် ဆောင်ရွက်ကြခြင်းဖြစ်ကြီး ရပ်ရွာလူထုအတွက် လိုအပ်သည့် အခြားသော လူမှုကရုဏာလုပ်ငန်းများကိုလည်း အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိကြပါသည်။

Read More

  22/ Jan/ 2022

Driver

Read More

  22/ Jan/ 2022

Project Officer

Read More

  22/ Jan/ 2022

Field Supervisor

Read More

  22/ Jan/ 2022

Field Assistant

Read More

  22/ Jan/ 2022

Driver

Read More