ရန်ကုန်၊ ၂၀၂၆ခုနှစ်၊ မတ်လ(၂၈)ရက်။
မန္တလေးငလျင်ကြီး (၁) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ပြုလုပ်သော Unity in Action အခမ်းအနားကို မတ်လ(၂၈)ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ Wyndham Grand Hotel တွင်ပြုလုပ်ခဲ့ရာ ဦးစွာ မန္တလေးငလျင်ကြီးကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်ဆီးဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်၍ ဦးညွှတ်ဂါရဝပြုကြသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် က အမှာစကား ပြောကြား ခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း မှ Head Of Delegation Ms. Nadia KHOURY နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ မှ Head of Programs & Prevention Mr. Xavier Collard de Macquerh တို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာတင်မောင်လှိုင်က ငလျင်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး တစ်နှစ်တာအတွင်း ငလျင်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ထားရှိမှုများ၊ မိတ်ဖက်ကြက်ခြေနီအသင်း များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ စေတနာ အလှူရှင်များ၏ ပံ့ပိုးကူညီဆောင်ရွက်ခဲ့မှု မှတ်တမ်း ဗီဒီယိုများကို ပြသခဲ့ပါသည်။
ထို့နောက် ဒုတိယဥက္ကဌ ဒေါက်တာဒေါ်တင်တင်လေး၊ အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာတင်မောင်လှိုင်နှင့် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်တို့က ငလျင်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များ ကိုယ်စား ကြက်ခြေနီစေတနာလုပ်အားရှင်(၁၅)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်တင်တင်လေးနှင့် အလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌများ နှင့် တာဝန်ရှိသူများ၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ လက်ထောက်အထွေထွေအတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီနှင့် မိတ်ဖက်ကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ပြည်တွင်း/ပြည်ပမှ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။
#MRCS#EartquakeResponse#UnityinAction