ကယားပြည်နယ်တွင် ကြက်ခြေနီမှ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

  01/ Jun/ 2020

ကယားပြည်နယ်၊ ဇွန် ၁

ကယားပြည်နယ်တွင် ကြက်ခြေနီမှ COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ပြည့်နှစ် မေလ ၃၁ရက်နေ့က ကယားပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူးကာ ကယားပြည်နယ်အတွင်းရှိ မြို့နယ်များအတွင်း COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ပိုစတာများကပ်ခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း စသည်တို့ကို ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြပါသည်။