ကရင်ပြည်နယ်တွင် ကြက်ခြေနီမှ COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး ဆက်လက် ဆောင်ရွက်

  12/ Mar/ 2020

ကရင်ပြည်နယ်၊ မတ်လ ၁၅

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့နှင့် ၁၄ ရက်နေ့များတွင် မို့နယ်ကြက်ခြေနီတပ်ခွဲမှူး ဦးကျော်သူရဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များမှ COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်းနှင့် အသိပညာပေးခြင်းတို့ကို အခြားမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ မြို့မဈေး၊ နာရီစင်နှင့် နယ်စပ်ဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။ အလားတူ မတ်လ၁၅ရက်နေ့က ဘုရားသုံးဆူမြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး ဦးမြင့်နိုင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၄ဦးတို့မှ အဆိုပါမြို့ရှိ မြန်မာ-ထိုင်းနယ်စပ်ဂိတ်များတွင် ခရီးသွားများကို ကိုယ်အပူချိန်တိုင်းခြင်းနှင့် COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းကို ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

၂၀၂၀ပြည့်နှစ် မတ်လ ၁၅ရက်နေ့တွင် ကရင်ပြည်နယ်ရှိ လှိုင်းဘွဲ့မြို့နယ်ယာယီကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာမြင့်သိန်းထွန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၂၂)ဦးတို့သည် COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း၊ လမ်းဆုံလမ်းဂွများတွင် အသိပညာပေးခြင်းတို့ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။