ကုသမှုခံယူပြီး COVID-19 ရောဂါကင်းစင်လာသူများအား ကြက်ခြေနီက နေရပ်အသီးသီးသို့ပို့ဆောင်ပေး

  08/ Sep/ 2020

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူပြီး COVID-19 ရောဂါကင်းစင်ကာ ကျန်းမာလာသူ ကျား ၂၆ဦး၊ မ ၃၇ဦး၊ စုစုပေါင်း ၆၃ဦးအား ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခြင်းများကို ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်ထွေးဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၆ဦးတို့က အသင်းပိုင်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။