ကော့ကရိတ်တွင် ကြက်ခြေနီက COVID-19 ကာကွယ်ရေးအသိပညာပေးခြင်းများပြုလုပ်

  06/ Sep/ 2020

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ်၁ရပ်ကွက်ရှိ ယာယီလေဟာပြင်စျေးအတွင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြထားသည့် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ချက်များ၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းတို့ကို ကော့ကရိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဒေါ်နန်းပုလဲဖြူနှင့် မြို့နယ်တပ်ဖွဲ့မှူးဦးစောထူးကပေါ်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၁ဦးတို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ တာဝန်ရှိသူများနှင့် ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၅ရက်ကပူးပေါင်းဆောင်ရွက်ခဲ့သည်။

ထို့အပြင် စက်တင်ဘာ ၆ရက်နေ့တွင်အဆိုပါစျေးအတွင်းတွင်ပင် မြို့နယ်တပ်ဖွဲ့မှူးဦးဆောင်သောကြက်ခြေနီစေတနာလုပ်အားရှင်၆ဦးက COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ချက်များ၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်း၊ ရေမလိုလက်သန့်ဆေးရည်များဖြန့်ဝေခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။