ကော့ကရိတ်တွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေး ဆောင်ရွက်

  06/ Sep/ 2020

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၆ရက်နေ့က ကော့ကရိတ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစောထူးကပေါ် နှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ် ၁ရပ်ကွက် ယာယီလဟာပြင်ဈေးအတွင်း ဖြတ်သန်းသွားလာကြသူများအား COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများဖြန့်ဝေပေးခြင်း၊ လက်သန့်စင်ဆေးရည်များဝေမျှပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ပေးခြင်းတို့ကို ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မိတ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။