ကျိုက်လတ်တွင် ဈေးများ၌ ကြက်ခြေနီက COVID-19 အသိပညာပေး

  03/ Oct/ 2020

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၈ ဦးတို့သည် အနောက်ပိုင်းလှည်းဆိပ်ဈေး၊ မြို့မဈေးကြီး၊ အရှေ့ပိုင်းအောက်ရွာလေးစျေး၊ အမှတ်(၁)ရပ်ကွက်များ၌ လည်းကောင်း၊ အောက်တိုဘာလ ၄ ရက်နေ့တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယမြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့မှူးဦးခင်စိုး ဦးဆောင်သည့် ကြက်ခြေနီစေတနာလုပ်အားရှင် ၇ဦးတို့သည်
မြို့မဈေးကြီးနှင့်အမှတ်(၅)ရပ်ကွက်တို့တွင်လည်း‌ကောင်း COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း ၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်းများကို‌ ပြုလုပ်ခဲ့ကြသည်။