ကျောက်ကြီးတွင် ကြက်ခြေနီက COVID-19ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ပူးပေါင်းဆောင်ရွက်

  04/ Sep/ 2020

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၄ရက်နေ့က ကျောက်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးအောင်သင်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ လူအများသွားလာနိုင်သောနေရာများ၊ လမ်းဆုံများ၊ ဈေးများနှင့် ရပ်ကွက်၊ကျေးရွာများအတွင်း COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ အသိပညာပေးပိုစတာများကပ်ခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း တို့ကို COVID – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။