ကျောက်တံခါးမြို့နယ်တွင် ကြက်ခြေနီမှ COVID-19ရောဂါကာကွယ်ရေး ဆောင်ရွက်

  09/ Apr/ 2020

ကျောက်တံခါး၊ ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကြက်ခြေနီဥက္ကဌ ဦးကျော်ဝင်းအောင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆန်းလွင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၁၆)ဦးတို့သည် ကျောက်တံခါးမြို့နယ်အတွင်းရှိ ဘူတာရုံ၊ စောင့်ကြပ်ကြည့်ရှုရေးစခန်း၊ ကားဂိတ်များနှင့် လူစည်ကားရာနေရာများတွင် COVID-19ရောဂါကာကွယ်ရေး အသိပညာပေး ပိုစတာများကပ်ခြင်း၊ စနစ်တကျလက်ဆေးနည်းသရုပ်ပြခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းတို့ကို ၂၀၂၀ပြည့်နှစ် ဧပြီလ ၄ရက်နေ့မှ ၆ရက်နေ့အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့၊ အခြားလူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Credit to >>> ဒေါ်ဇင်မာနွယ်