ကျောက်မဲကြက်ခြေနီမှ COVID-19 ကာကွယ်ရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်

  31/ Aug/ 2020

ကျောက်မဲ ဩဂုတ် ၃၁

၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃၁ရက်နေ့က ကျောက်မဲမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဖြိုးပြည့်ကျော်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များမှ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲတိုးဂိတ်တွင် ဖြတ်သန်းသွားလာကြသော ခရီးသွားများအား ခရီးသွားမှတ်တမ်းရယူခြင်း၊ COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်းတို့ကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ဆက်လက် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။