ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်များက မွန်ပြည်နယ်မှာရှိတဲ့ မြို့နယ်အသီးသီးမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယခုလိုပဲတွေ့ခဲ့ရပါတယ်။

  01/ Dec/ 2020

မွန်ပြည်နယ်ရှိ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် မုဒုံမြို့နယ်တို့မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်း၊ မျက်နှာအကာများဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို မွန်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အဆက်မပြတ်ပူးပေါင်းဆောင်ရွက်နေကြပါတယ်။