ကြက်ခြေနီက နိုဗာကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများ ဝေငှရာတွင် ပါဝင်

  02/ Feb/ 2020

မိတ္ထီလာ၊ ဖေဖော်ဝါရီလ ၂

မြန်မာနိုင်ငံကြက်ခြေနီအသင်း မိတ္ထီလာခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနေဉီး ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၃၅) ဦးတို့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့က မိတ္ထီလာမြို့နယ်တွင် ရန်အောင်မြင် လူမှုကူညီရေးအသင်း၊ ရှမ်းတဲမေတ္တာ လူမှုကူညီရေးအသင်း၊ ကမ်းလင့်မယ့်လက်များ လူမှုရေးအသင်း၊ စိတ်ဝေဒနာရှင်များပြုစုရေးအသင်း၊ ရပ်မိရပ်ဖများနှင့် အတူ နိုဗာကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အသိညာပေးလက်ကမ်းစာစောင်(၃၀၀၀)နှင့် နှာခေါင်းစည်း(၆၀၀၀)ကျော်တို့ကို ရပ်ရွာလူထု (၇၅၀) ဦးအား ဝေငှခဲ့ပါသည်။