ကြက်ခြေနီက နိုဗာကိုရိုးနားဗိုင်းရပ်စ် ကာကွယ်ရေး လက်ကမ်းစာစောင်များ ဝေငှရာတွင် ပါဝင်

  02/ Feb/ 2020

ပုသိမ်ကြီး၊ ဖေဖော်ဝါရီလ ၂

မြန်မာနိုင်ငံကြက်ခြေနီအသင်း မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ပုသိမ်ကြီးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သန်း ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၁၅) ဦးတို့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့က ပုသိမ်ကြီးမြို့နယ်တွင် အထွေထွေအပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် အတူ နိုဗာကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အသိညာပေးလက်ကမ်းစာစောင်များကို ရပ်ရွာလူထု (၇၅၀) ဦးအား ဝေငှခဲ့ပါသည်။