ကြက်ခြေနီမှ ကချင်ပြည်နယ်အတွင်း COVID-19 အဆုတ်ရောင်ရောဂါကာကွယ်ရေးတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်

  13/ Apr/ 2020

ကချင်၊ ဧပြီ ၁၃

ဗန်မော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဉီးစိုးထိုက်ဉီး ဉီးဆောင်သော ကြက်ခြေနီစေတနာ လုပ်အားရှင်များသည် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် ယာဉ်ထိန်းရဲများ၊ မီးသတ်ဉီးစီးဌာနမှ တာဝန်ရှိသူ များနှင့် ပူးပေါင်း၍ ဗန်မော်မြို့နယ်၊ ရွှေကျီးနားရပ်ကွက်တွင် သင်္ကြန်ရုံးပိတ်ရက်ရှည် ကာလ အတွင်း ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအတွက် စားသောက်ကုန် ၅ မျိုးထောက်ပံ့ရာတွင် ကူညီဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများကို စနစ်တကျ လက်ဆေးခြင်းနည်းလမ်းများကို သရုပ်ပြပေးခဲ့ပါသည်။

ထို့ပြင် ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ခရိုင်နှင့် မြစ်ကြီးနားမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မြစ်ကြီးနားမြို့မရဲစခန်း၊ နယ်မြေရဲစခန်း၊ တရားရုံးနှင့် ဆေးရုံကြီးများတွင် COVID-19 ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။