ကြက်ခြေနီမှ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများကို ပြင်ဉီးလွင်မြို့နယ်ရှိကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်

  07/ Feb/ 2020

ပြင်ဉီးလွင်၊ ဖေဖော်ဝါရီလ ၇

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ပြင်ဉီးလွင်မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးအေးဖြိုး ဉီးဆောင်သော ကြက်ခြေနီသူနာပြူတပ်ဖွဲ့ဝင်များသည် ပြင်ဉီးလွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့မှစတင်ပြီး တစ်ရက်လျှင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်(၆)ဉီးဖြင့် ပြင်ဦးလွင်တိုးဂိတ်တွင် ခရီးသွားများကို ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် အပူချိန်တိုင်းတာခြင်း၊ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း စသော ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။