ကြက်ခြေနီမှ ပါဠိပထမပြန်စာမေးပွဲဖြေဆိုမည့် သံဃာတော်များအား COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးဆောင်ရွက်

  16/ Jul/ 2020

ကျောက်တံခါး၊ ဇူလိုင် ၁၆

ကျောက်တံခါးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၄ဦးတို့သည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲဖြေဆိုမည့် သံဃာတော်များအား COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း၊ အပူချိန်တိုင်းပေးခြင်းနှင့် ရှေးဦးပြုစုခြင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၁၅ရက်နေ့မှ ၂၂ရက်နေ့အထိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။