ကြက်ခြေနီမှ ပဲခူးတိုင်းဒေသကြီးတွင် COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေးတွင် ပူးပေါင်းဆောင်ရွက်

  30/ Mar/ 2020

ပဲခူး၊ မတ်လ ၃၀

ကြက်ခြေနီမှ ပဲခူးတိုင်းဒေသကြီးတွင် COVID-19ကိုရိုနာဗိုင်းရပ်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၀ပြည့်နှစ် မတ်လ ၃၀ရက်နေ့က ပန်းတောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့မှူးဦးမြင့်သိန်းဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၁၀)ဦးသည် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသူများကို ပန်းတောင်းမြို့နယ်တွင်ထားရှိသွားမည့် အသွားအလာကန့်သတ်သွားမည့် စခန်းဖွင့်လှစ်နိုင်ရန်အတွက် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ နေရာထိုင်ခင်းစီစဉ်ပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထို့အပြင် ပေါင်းတည်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးကြည်ထွန်းဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၁၀)ဦးသည် ပေါင်းတည်ဘူတာရုံတွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်စစ်ဆေးပေးခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။