ကြက်ခြေနီမှ မွန်ပြည်နယ်အတွင်း COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် ဆက်လက်ဆောင်ရွက်

  10/ Apr/ 2020

ရေး၊ ဧပြီ ၁၀

မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အလှူရှင်များ ပံ့ပိုးကူညီမှုဖြင့် မွန်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးချိုမင်းလင်း၊ ပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့်၊ ရေးမြို့နယ်အသင်းခွဲ ဒုတိယ ဥက္ကဌနှင့်အမှုဆောင်များ၊ ရေးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးနိုင်ဇော်လတ် ဦးဆောင်သော ကြက်ခြေနီစေတနာ လုပ်အားရှင် (၅၀)ဦးတို့သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၀ ရက်နေ့၊ နံနက်(၉:၀၀)နာရီ အချိန်မှ စတင်ကာ ရေးမြို့နယ်၊ ရွှေဆံတော်ဘုရားရှေ့၊ စျေးရှေ့၊ အောင်သုခရပ်ကွက်၊ ဘူတာပိုင်း၊ ချောင်းတောင်ကျေးရွာ၊ အဏ္ဏ၀ါရပ်ကွက်များရှိ ပြည်သူလူထုများအား COVID-19ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေး ပိုစတာ(၁၀၀)၊ စတစ်ကာ(၅၀) ကပ်ခြင်း၊ လက်စနစ်တကျ ဆေးနည်း သရုပ်ပြခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်သန့်ဆေးရည်(Hand Sanitizer) (၁၅၀၀)ဗူး ဖြန့်‌ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ ပါသည်။