ကြက်ခြေနီမှ COVID-19 နိုဗယ်ကိုရိုနာဗိုင်းရပ်(စ်)အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

  22/ Feb/ 2020

ညောင်လေးပင်၊ ဖေဖေါ်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ညောင်လေးပင်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှုး ဦးစိုးဝင်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၁၀)ဦး တို့သည် ၂၀၂၀ပြည့်နှစ် ဖေဖေါ်ဝါရီ ၂၂ ရက် နံနက်(၉)နာရီက ညောင်လေးပင်မြို့နယ် မုက္ခမူကျေးရွာရှိ ရွာသူရွာသားများကို COVID-19 နိုဗယ်ကိုရိုနာဗိုင်းရပ်(စ်)အဆုတ်ရောင်ရောဂါ ရောဂါလက္ခဏာ များနှင့် ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့ပြီး ညောင်လေးပင်ရွှေကျင်ကားလမ်းမပေါ်ရှိ ခရီးသွားပြည်သူများအား ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။