ကြိုတင်ဆန္ဒမဲပေးသူများအတွက် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီဆောင်ရွက်

  03/ Nov/ 2020

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရပ်ကွက် ၅ ခုရှိ မဲရုံများတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲတွင် အသက် ၆ဝ နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးရာ COVID-19 ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ရေမလိုလက်သန့်ဆေးရည်များဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် အဖိုးအဖွားများအားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို မြဝတီမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှုး ဦးအောင်သွင်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးတို့က ကူညီဆောင်ရွက်ခဲ့ကြပါသည်။