ခန္တီးတွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ကြက်ခြေနီပူးပေါင်းပါဝင်

  01/ Sep/ 2020

ခန္တီး၊ စက်တင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ခန္တီးမြို့သို့ မန္တလေးတိုင်းဒေသကြီးမှလေကြောင်းလိုင်းဖြင့်ဝင်ရောက်လာသူများအား COVID-19 ရောဂါကာကွယ်ရေးအဖြစ် ခရီးသွားရာဇဝင်ယူခြင်း၊ လက်သန့်ဆေးရည်ဖြင့်စနစ်တကျဆေးကျောစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများအပြင် တရုတ်နိုင်ငံမှ ဝင်ရောက်လာသူတစ်ဦးအား အသွားအလာကန့်သတ်စောင့်ကြည့်သွားမည့် နေရာသို့ပို့ဆောင်ခြင်းအပြင် အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း(တစ်ပတ်စာ)ထောက်ပံ့ခြင်းကို ခန္တီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူးဦးသိန်းဇော်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များကမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာ၁ရက်နေ့က ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။