ချင်းပြည်နယ်ကြက်ခြေနီကြီးကြပ်ရေးကော်မတီမှ ဟားခါးမြို့ရှိ စစ်ဆေးရေးဂိတ်များအား ရေသန့်ဘူးနှင့် လက်သန့်ဆေးရည်များ လှူဒါန်း

  12/ Oct/ 2020

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့က ချင်းပြည်နယ်ကြက်ခြေနီကြီးကြပ်ရေးကော်မတီမှ ဟားခါးမြို့၌ ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များအား ရေသန့်ဘူးနှင့် ရေမလိုလက်သန့်ဆေးရည်များ ပေးအပ်လှူဒါန်းခဲ့သည်။
ဟားခါးမြို့တွင် ဂန့်ဂေါလမ်းစစ်ဆေးရေးဂိတ်၊ ကျောဘုတ်စစ်ဆေးရေးဂိတ်နှင့် (၆) လမ်းဆုံ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားရာ၊ စစ်ဆေးရေးဂိတ် (၁) ခုအတွက် ရေသန့်ဘူး(၅)ကတ်နှင့် လက်သန့်ဆေးရည်(၃)ဘူး နှုန်းဖြင့် ပေးအပ်လှူဒါန်းခဲ့သည်။ ထို့ပြင် COVID-19 ရောဂါကာလအတွင်း နှာခေါင်းစည်းများ ဆက်လက်လှူဒါန်းနိုင်ရန် စီစဉ်လျက်ရှိသည်။