ချမ်းအေးသာစံတွင် COVID-19ရောဂါကာကွယ်ရေး ကြက်ခြေနီက ပူးပေါင်းဆောင်ရွက်

  04/ Sep/ 2020

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ၂၆လမ်းနှင့် ၈၆လမ်းဈေးချိုတို့တွင် ချမ်းအေးသာစံ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသိန်းနိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဗြဟ္မစိုရ်လူမှုရေးအသင်း၊ ပရဟိတမင်းခေါင် လူမှုရေးအသင်း၊
မန္တလာရောင်စဉ် အဖွဲ့တို့နှင့် ပူးပေါင်းကာ COVID-19ရောဂါကာကွယ်ရေးအတွက်
နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ ပေးဝေခြင်း၊ ပိုစတာများ ကပ်
ခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်း
များ ပြုလုပ်ခဲ့ကြပါသည်။
ထို့အတူ မိခင်ကြီးဒေါ်ခင်အေးအေး အားရည်စူး၍ ဦးခင်ညိုမိသားစုမှ နှာခေါင်းစည်း (၁၀၀၀)ခု၊ ဈေးချို၈၆လမ်းမိသားစုမှ နှာခေါင်းစည်း (၄၀၀၀)ခု တို့ကို ပေးအပ်
လှူဒါန်းကြရာ တိုင်းကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်ကျော်နှင့် မြို့နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းအောင် တို့မှလက်ခံရယူခဲ့ကြပါသည်။