စစ်တွေတက္ကသိုလ်တွင်အရေးပေါ်လူနာဆောင်ပြင်ဆင်ရာတွင် ကြက်ခြေနီပါဝင်ဆောင်ရွက်

  05/ Sep/ 2020

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်၌ COVID-19 ရောဂါပိုးတွေ့ရှိလူနာများထားရှိရန် အရေးပေါ်တိုးချဲ့လူနာဆောင်ပြုပြင်ရာတွင် ရခိုင်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်ထွေးဦးဆောင်ပြီး ဒုတိယပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြတ်ခိုင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးကျော်နိုင်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၄၀ ဦးတို့က ဝေသာလီအဆောင်၊ ဓါတုဗေဒနှင့် ဇီဝဗေဒအဆောင်တို့တွင် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဖြစ်သည့် အခန်းများသန့်ရှင်းခြင်း၊ အိပ်ကုတင်များတပ်ဆင်ခြင်းနှင့် အခန်းများအား ဆေးဖြန်းခြင်းများကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၅ရက်နေ့ကဆောင်ရွက်ခဲ့ကြသည်။