စစ်တွေတွင် ကြက်ခြေနီက ရောဂါပိုးကင်းစင်သူများအား နေရပ်အသီးသီးသို့ပြန်ရန်ကူညီပေးခဲ့ပြီး တိုက်ပွဲရှောင်စခန်းများတွင် အဝတ်နှာခေါင်းစည်းများ ပေးဝေ

  21/ Sep/ 2020

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂၁ရက်နေ့က ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်ထွေး၊ စစ်တွေမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးကျော်နိုင်ဦး နှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက ရခိုင်ပြည်နယ် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ရောဂါကုသမှုခံယူခဲ့ကြပြီး ရောဂါပိုးကင်းစင်သဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာမည့်သူများအား ကူညီပို့ဆောင်ပေးခဲ့ကြသည်။
အဆိုပါအဖွဲ့သည် စစ်တွေမြို့နယ်ရှိ စည်ပင်သာယာကျောင်းတိုက် တိုက်ပွဲရှောင်စခန်း၊ ရွှေပြည်သာကျောင်းတိုက် တိုက်ပွဲရှောင်စခန်းများရှိ လူဦးရေ ၂၇၃ဦးနှင့် ကျောင်းတိုက်များအတွင်း သီတင်းသုံးနေထိုင်သော သံဃာ၂၅ပါးတို့အား အဝတ်နှာခေါင်းစည်း ၅၃၆ခု၊ ကိုဗစ်၁၉ရောဂါကြိုတင်ကာကွယ်ရန်လိုက်နာဆောင်ရွက်ရမည့်အချက်များပါရှိသော လက်ကမ်းစာစောင် ၄၀ခုတို့အား ပေးဝေခဲ့ကြပြီး ရောဂါကာကွယ်ရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။