စေတနာရှင်များနဲ့ ငပုတောမြို့နယ်ကြက်ခြေနီအသင်းခွဲ စုပေါင်းလှူဒါန်းမှုဖြင့် နှာခေါင်းစည်းများပေးဝေ

  22/ Dec/ 2020

စေတနာရှင်ပြည်သူများနဲ့ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ကြက်ခြေနီအသင်းခွဲတို့ စုပေါင်းလှူဒါန်းမှုဖြင့် COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း (၁၃,၆၀၀)ခုကို ပြည်သူများအား ယနေ့ ဒီဇင်ဘာ
လ ၂၂ ရက်နေ့မှာ ပေးဝေခဲ့ကြတယ်လို့ သိရပါတယ်။
ထိုသို့ပေးဝေရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊အခြေခံပညာဦးစီးဌာန၊
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌဦးစိုးတင့် နှင့် အမှုဆောင်များ၊ မြို့နယ်ကြ‌က်ခြေနီတပ်ဖွဲ့ မြို့နယ်ကြက်‌ေခြနီတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် (၂၀) ဦးတို့က မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်များ၊ မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအား ပေးဝေခဲ့ကြပါတယ်။