ဆွာမြို့တွင် ကြက်ခြေနီမှ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

  12/ Apr/ 2020

ဆွာမြို့၊ ဧပြီ ၁၂

ရေတာရှည်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပဲခူးတိုင်း၊ ဆွာမြို့တွင် ဖွင့်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် အပူချိန်တိုင်းခြင်း၊ အစားအသောက်များပြင်ဆင်ပေးခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ၂၀၂၀ပြည့်နှစ် မတ်လ ၂၃ရက်နေ့မှ စတင်ကာ‌ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ၂၀၂၀ပြည့်နှစ် မတ်လ ၁၇ရက်နေ့မှစတင်ကာ ဆွာမြို့အတွင်းရှိ ရပ်ကွက်များတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ ပိုစတာများ၊ စတစ်ကာများကပ်ခြင်း၊ စနစ်တကျလက်ဆေးနည်းနှင့် နှာခေါင်းစည်းအသုံးပြုပုံတို့ ဝေမျှခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါသည်။