တပ်ကုန်းမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီက ပူးပေါင်းဆောင်ရွက်

  06/ Sep/ 2020

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်၊ အတွင်းရေးမှူး ဦးမိုးကျော်၊ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ ဥတ္တရခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်မေကလျာဝင်း၊ ခရိုင်တပ်ဖွဲ့မှူး ဦးနိုင်ဝင်းစိုး၊ တပ်ကုန်းမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဒေါက်တာ
ပြည့်ဖြိုးမျိုး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးအေးဆွေ၊ ပျဥ်းမနားမြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းနိုင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၂၅ ဦး တို့သည် တပ်ကုန်းမြို့နယ်ရှိ မြို့မစျေး၊ အနော်ရထာရပ်ကွက်နှင့် အောင်ဇေယျရပ်ကွက်
တို့၌ COVID-19 ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့် အချက်များအား နှိုးဆော်ခြင်း၊ အသိပညာပေး ပိုစတာများကပ်ခြင်းနှင့် နှာခေါင်းစည်းများ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။