တာချီလိတ်တွင် နေရပ်ပြန်ပြည်သူများအား ကြက်ခြေနီက ထောက်ပံ့ကူညီ

  02/ Oct/ 2020

၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၂ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာတွင် ဖွင့်ထားသောအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ရောက်ရှိလာသည့် နေရပ်ပြန်ပြည်သူ ၁၀၀ဦးအား တာချီလိတ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် တာချီလိတ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများပြုလုပ်ပေးခဲ့ပြီး ကိုဗစ်၁၉ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားတိုက်တွန်းနှိုးဆော်ခြင်း၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်းနှင့် အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်းများ၊ ခြင်ထောင်များ စသည့်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းတို့ကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။