တောင်ကြီးတွင် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီပူးပေါင်းဆောင်ရွက်

  29/ Aug/ 2020

တောင်ကြီး၊ ဩဂုတ် ၂၉

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် တောင်ကြီးတက္ကသိုလ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းရှိ နေရပ်ပြန်ပြည်သူ ကျား ၁၅၊ မ ၂၃ ဦးအား COVID-19 ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းတို့ကို ဒုတိယပြည်နယ်တပ်ဖွဲ့မှူး ဦးအောင်ကျော်မျိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၄ ဦးက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။