တောင်တွင်းကြီးတွင် ကြက်ခြေနီက အဝတ်နှာခေါင်းစည်းများ ဖြန့်ဝေ

  01/ Sep/ 2020

တောင်တွင်းကြီး၊ စက်တင်ဘာ ၁

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁ရက်နေ့က တောင်တွင်းကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးမောင်မောင်ဌေး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၅ဦးတို့သည် ရပ်ရွာလူထုဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းပိုမိုမြင့်မားရေးစီမံချက်မှ ဝန်ထမ်းများနှင့်အတူပူးပေါင်းကာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ရှိ မြို့လယ်လမ်းဆုံတွင် ဖြတ်သန်းသွားလာကြသူများအား COVID-19 ရောဂါကာကွယ်ရေးအတွက် အဝတ်နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြပါသည်။