ထားဝယ်တွင် COVID-19ရောဂါကာကွယ်ရေး ကြက်‌ခြေနီက နေ့စဉ်ဆောင်ရွက်နေ

  09/ Oct/ 2020

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က တနင်္သာရီတိုင်း ဒေသကြီး ၊ ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ပကာရီ၊ ပခပ်၊ ရမ္မဇူနှင့်သကန်းတုံး
ကျေးရွာတို့တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်း၊ ဗီနိုင်းများကပ်ခြင်း နှင့်ဗမာ/ထားဝယ်စကားများဖြင့်
အသိပညာပေးခြင်းတို့ကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီ
တပ်ဖွဲ့မှူးဦးကိုကိုနိုင် ဦးဆောင်သော ကြက်ခြေနီ စေတနာလုပ်အားရှင် ၁၀ ဦးတို့က ဆောင်ရွက်ခဲ့ကြပြီး ညပိုင်းတွင်လည်း မြို့အတွင်း လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်လျက်ရှိကြသည်။