နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့်ပါတီစုံဒီမိုက‌ေရစီရွေးကောက်ပွဲမှာ မဲဆန္ဒရှင်များကျန်းမာရေးညီညွတ်စွာ မဲပေးနိုင်ဖို့ဆောင်ရွက်နေရာမှာ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း အကူအညီ ပေးနေကြပါတယ်။

  07/ Nov/ 2020

ဒီလိုကူညီရာမှာ တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့မှာတော့ ဇမ္ဗူသီရိအရေးပေါ်လူနာတင်ယာဥ်အဖွဲ့၊ Dawei ဆေးဖြန်းTeam တို့နဲ့ ပူးပေါင်းပြီး မဲရုံ‌ေတွမှာ ဆေးဖြန်းခြင်းကို ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး ထားဝယ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦဆောင်တဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များပါဝင်ခဲ့ပါတယ်။
ဒီသတင်းကို တိုင်းဒေသကြီး အထောက်အကူပြုအရာရှိ ဦးမြင့်နိုင်က ပေးပို့ခဲ့တာ ဖြစ်ပါတယ်။