နေပြည်တော်ကောင်စီနယ်မြေတွင် ကြက်ခြေနီမှ COVID 19 ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းပူးပေါင်းဆောင်ရွက်

  30/ Mar/ 2020

နေပြည်တော်၊ မတ် ၃၀

နေပြည်တော်ကောင်စီနယ်မြေကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးအောင်ချို ၊ ဒက္ခိဏခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်မိုးမိုးနှင့် ဇမ္ဗူသီရိမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးကျော်ကျော်အောင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၅ ဦးတို့သည် ၂၀၂၀ပြည့်နှစ်၊ မတ်လ ၂၈ ရက်နှင့် မတ်လ ၂၉ ရက်နေ့တွင် ဒက္ခိဏခရိုင် ပျဉ်းမနား၊ လယ်ဝေး၊ ဒက္ခိဏသီရိနှင့် ဇမ္ဗူသီရိမြို့နယ်များ၌လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမိုးကျော်၊ ကြက်ခြေနီဒုတိယတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ ဥတ္တရခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနိုင်ဝင်းစိုးနှင့် တပ်ကုန်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဒေါ်အေးအေးဆွေ ဦးဆောင်သောကြက်ခြေနီစေတနာလုပ်အားရှင် ၅ ဦးတို့သည်မတ်လ ၃၀ ရက်နေ့ တွင် ဥတ္တရခရိုင် တပ်ကုန်း၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိနှင့် ဥတ္တရသီရိမြို့နယ်များ၌လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများနှင့်ပူးပေါင်းကာ COVID 19 ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ ပိုစတာများကပ်ခြင်း၊ အသံချဲစက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
မတ်လ ၃၁ ရက်နေ့တွင်လည်းဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။