နေပြည်တော်၌ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဘုရားဖူးပြည်သူများအား COVID-19 ရောဂါကာကွယ်ရေးကြက်ခြေနီမှ ပူးပေါင်းဆောင်ရွက်

  06/ May/ 2020

နေပြည်တော်၊ မေ ၆

၂၀၂၀ပြည့်နှစ်၊ မေလ ၆ ရက်နေ့က ပြည်ထောင်စုနယ်မြေ၊နေပြည်တော် ဒက္ခိဏခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်မိုးမိုးဦးဆောင်သော ဇမ္ဗူသီရိမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဇမ္ဗူသီရိမြို့နယ်၊ ဓာတုဇယ ဓာတ်ပေါင်းစုစေတီတော် ဗောဓိညောင်ပင်တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ ညောင်ရေသွန်းကုသိုလ်ပြု ဘုရားဖူးလာကြသူများအား
COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျလက်ဆေးခြင်းအသိပညာပေး
ခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း
များ ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။