နေရပ်ပြန်များအား ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးဆောင်ရွက်

  07/ Sep/ 2020

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၇ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့သို့ ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူ ၈၆ဦးတို့အား ကော့သောင်းခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကိုကိုကြီးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်းကာ စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်ခြင်း၊ အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်း၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်းတို့ကို ပေးအပ်ခြင်း၊ COVID-19 ရောဂါကာကွယ်‌ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။