နှာခေါင်းစည်းများတပ်ရေးအသိပညာပေးလှုပ်ရှားမှုတွင် ကြက်ခြေနီကပါဝင်ကူညီ

  27/ May/ 2020

ဘားအံမြို့ မေ ၂၇

ဘားအံမြို့ပေါ်ရှိလူသွားလာများလျက်ရှိသော မြို့နယ်ဌာနဆိုင်ရာစုပေါင်းရုံးရှေ့၊ ဘုရားကြီးဝန်းရှေ့နှင့် ကမ်းနားလမ်း ယာယီပျံကျစျေး ၃နေရာတို့တွင် နှာခေါင်းစည်းများတပ်ဆင်ရေးလှုပ်ရှားမှုအသိပညာပေးရေးတွင် ဘားအံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူးဦးဇေယျာမိုးမြင့်နှင့် ဒုတိယမြို့နယ်တပ်ဖွဲ့မှူးဒေါ်တင်မာနွယ်တို့ ဦးဆောင်သော စေတနာလုပ်အားရှင် ၆ ဦးတို့သည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၆ ရက်နေ့တွင် ဘားအံမြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နှာခေါင်းစည်းများစနစ်တကျ တပ်ရန်၊ နှာခေါင်းစည်းများမပါရှိသူများ၊ မတပ်လာသူများအားနှာခေါင်းစည်းများ ဝေငှပေးခြင်းနှင့် အသိပညာပေးခြင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။