ပုလောတွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေးအသိပညာပေး ဆောင်ရွက်

  06/ Sep/ 2020

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၆ရက်နေ့က ပုလောမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးထွန်းမြင့်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်ရှိ မှော်ကြောင်းကျေးရွာ၊ လက္ကူးကျေးရွာ၊ မြတောင်ကျေးရွာ၊ ပိတပ်ကျေးရွာ၊ သင်္ကန်းတောကျေးရွာ၊ ကဒဲကျေးရွာ၊ ပဝတ်ကုန်းကျေးရွာ၊ ပဝတိဂုံညင်းပွဲကျေးရွာ၊ မင်းထိန်ကျေးရွာများတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ပိုစတာကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။